ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အပူချိန်တိုင်းကိရိယာများ၊ Hand Speaker များနှင့် နှာခေါင်းစည်းများ ထောက်ပံ့

ကျိုက်မ​ရော       စက်တင်ဘာ  ၂၇

မော်လမြိုင်ခရိုင် ၊ကျိုက်မ​​ရော မြို့နယ်တွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(ရုံးချုပ်)က ​ပေးအပ်​သော ကိုဗစ်-၁၉ ​ရောဂါ ကာကွယ် ​ရေးပစ္စည်းများဖြစ်သည့် အပူချိန် တိုင်းကိရိယာများ၊Hand Speaker  များနှင့်နှာ​ခေါင်းစည်း (Mask) များကို စက်တင်ဘာလ ၂၅ ရက် ​နေ့လည်ပိုင်း က  မြို့နယ်စီမံခန့်ခွဲမှု ​​​ကော်မတီရုံး(​ ​​​ရွှေဟင်္သာ)ခန်းမ၌ ​ထောက်ပံ့​ပေးအပ်ခဲ့သည်။

ထိုသို့​ထောက်ပံ့ ​ပေးအပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး ​​ကော်မတီ ဥက္ကဋ္ဌ ​ဦးကျော်မြင့်က  ဝန်ထမ်းများ တာဝန်ထမ်း​​​ဆောင်ရာတွင် ကိုဗစ် -၁၉ ​ရောဂါ ကြိုတင်ကာကွယ်နိုင်​ရေးအတွက် အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန(ရုံးချုပ်) ကထောက်ပံ့​ပေးအပ်မှူနှင့် မြို့နယ်အတွင်းရှိ Quarantine Crntre များတွင် သတ်မှတ် စောင့်ကြည့်ရက်​​နေထိုင်သူများအား  အလှူရှင်များလှူဒါန်းထားသည့် နှာ​ခေါင်းစည်းများ ထပ်ဆင့်​ထောက်ပံ့ပေးမှု အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ထိန်းချုပ်​ရေး​ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဘုန်းမြင့်နိုင်နှင့် ဒုတိယဦးစီးမှုးများက အပူချိန်တိုင်းကိရိယာ ၊Hand Speaker များနှင့် နှာ ​ခေါင်းစည်း mask များကို ဝန်ထမ်းတစ်ဦးချင်စီသို့ ထောက်ပံ​​ပေးအပ်ခဲ့ပြီး Quarantine ဝင် ​ရောက်​နေသူများအတွကိ နှာ​ခေါင်းစည်းများကိုသက်ဆိုင်ရာရပ် ​/ကျေးစာ​ရေးများထံသို့ ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်းသိရသည်။

 

ချိုမြတ်မြတ်ထွေး(ပြန်ဆက်)