ထီးလင်းမြို့ ပျံကျစျေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ရောင်းချကြရန် အသိပေးနှိုးဆော်

ထီးလင်း စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ ယာယီပျံကျစျေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန် ယမန်နေ့ နံနက် ၇ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့တို့က စျေးအတွင်း Hand Speaker ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က စျေးအတွင်းရောင်းချနေသော စျေးရောင်း၊ စျေးဝယ်များအား နှာခေါင်းစည်း Mask တပ်ဆင်ပြီး ရောင်းချကြရန်၊ စျေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ပြီး စျေးအတွင်းသို့ ဝင်ရောက်၍ စျေးဝယ်ယူရန် စျေးအတွင်းမဝင်မီ လက်ဆေးပြီးမှ ဝင်ရောက်ရန် စျေးရောင်းသူများနှင့် စျေးဝယ်သူများမှ လိုက်နာဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ထားရှိ၍ စနစ်တကျ ရောင်းချကြရန် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မာမာမြင့် (ထီးလင်း ပြန်/ဆက်)