ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာများရှိလာပါက ထားရှိရန်နေရာများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာများရှိလာပါက သီးသန့်ထားရှိရန်နေရာများလိုအပ်လာမည်ဖြစ်သည့်အတွက် ဝေါလေမြိုင်မြို့တိုက်နယ်ဆေးရုံရှိ လစ်လပ်နေသော ဝန်ထမ်းအိမ်ယာအခန်း ၅ ခန်းအား ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ် (Take Away)ဖြင့်သာရောင်းချ ရန်အသိပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်(Take away)ဖြင့်သာ ရောင်းချရန် အသိပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များမှ ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။

တာချီလိတ်မြို့ စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ စားသောက်ဆိုင်များအား Take-away(ပါဆယ်) စနစ်ဖြင့်ရောင်းချသွားနိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်းဖွင့်လှစ်ထားသော စားသောက်ဆိုင် လက်ဖက်ရည်ဆိုင် များ အား Take-away(ပါဆယ်)စနစ်ဖြင့်ရောင်းချရန် အသိပေးခြင်း၊ ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရန် စည်းကမ်းချက်များ ရှင်းလင်း ပြခြင်းတို့ကို စည်ပင်သာယာရေးဝန်ထမ်းများက နေ့စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများကျန်းမာရေး စစ်ဆေးခြင်းကို ပူးပေါင်း စစ်ဆေးရေး အဖွဲ့မှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်ပိတ်ထားသည့်ကာလအတွင်း ဆင်စာဘူဖေးကျွေးမှု (၈၅) ကြိမ်ကျော်ရှိလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက် ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက် ထောက်မန်နေဂျာ)ထံက သိရသည်။

ပန်နန်းဒင်မြို့အ၀င် လူကူးကြိုးတံတားတစ်စင်း ရေမျောပါပျက်စီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၊ မြို့အ၀င်ရှိ နမ့်တမိုင် ချောင်းကူးကြိုးတံတားမှာ ယခုရက်ပိုင်းအတွင်း မိုး အဆက်မပြတ် ရွားသွန်းခဲ့မှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ မျောပါပျက်စီးသွားကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများ အား ငွေကြေးထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀) နှစ် ပြည့်ပြီး (၈၅) နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့မှစ၍ ရှမ်းရွာသစ်မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် အရှိန် အဟုန်ဖြင့်် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီမှ ည(၁၀)နာရီအထိ အရှိန်အဟုန်မပျက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စက်တင်ဘာ ၂၆ ရက် က ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် mask အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို မြို့ဝင်၊မြို့ထွက်ဂိတ်တွင် အရှိန်အဟုန်မြှင့်ဆောင်ခဲ့ကြောင်းသိရသည်။

ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ သဘာ၀ဘေးကြောင့်သီးနှံပျက်စီးသွားသည့် တောင်သူများအတွက်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ကျီခါးမြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ သဘာ၀ဘေးကြောင့် သီးနှံပျက်စီးသည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကို ၂၆ ရက်နေ့ နံနက်(၈)နာရီအချိန်က ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to