ပေါက်ခေါင်း စက်တင်ဘာ ၂၇
(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက်(၇)နာရီတွင် ပေါက်ခေါင်းမြို့ အမှတ်(၁) ရပ်ကွက် ပုဗ္ဗါရုံဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းဝန်းတွင် ပေါက်ခေါင်း မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြ သည်၊၊
ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်များနှင့် ပေါင်းမြက်များကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုး၊ ဒုရဲမှူး တင်ဌေးနိုင်တို့ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၄၂)ဦးတို့ ပါဝင်ဆောင်ရွက်ကြသည်၊၊ အောက်တိုဘာလ(၁)ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြို ဆိုသော အားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်၊၊
သန်းထွန်းအောင်(ပြန်/ဆက်)