မိုင်းယောင်း စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အသက် ၈၀ နှင့် ၈၅ နှစ်ကြား ဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုင်းယောင်းမြို့နယ် အတွင်းရှိ အသက် ၈၀ နှစ်နှင့် အသက် ၈၅ နှစ်အကြားရှိ ဘိုးဘွား ၁၄၄ ဦးအား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်ရှိ ဘိုးဘွားများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးညီညီဝင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးတို့က ထောက်ပံ့ငွေများကို အိမ်တိုင်ရာ ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း