ချောင်းဆုံ စက်တင်ဘာ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီ အစဉ်(CERP)ဖြင့် ဆောင်ရွက်သော Cash For Work စီမံကိန်းများမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် ချောင်းဆုံမြို့နယ်ရှိ ဒရယ်၊ ကရင်ဝင်းစိန်၊ မရမ်း၊ ကမာမို၊ ကွမ်လှာ၊ ခရိုက်ဒူး၊ ကွင်းကလိန်၊ ကလော့၊ တကူပတီ၊ ဖံဖ၊ ဘိုးနက်၊ တော်ပွန်၊ ကွမ်ရိုက် ကျေးရွာတို့တွင် ဇူလိုင်စတုတ္ထပတ်မှ စတင်ကာ လမ်းပြုပြင်ခြင်းလုပ်ငန်း ၁၀ ခု၊ ကျန်းမာရေးနှင့်ရေလုပ်ငန်း ၁၉ ခု၊ ရေရရှိရေးလုပ်ငန်း ၃ ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦး ပြုပြင်ခြင်းလုပ်ငန်း ၂ ခု၊ အခြားလုပ်ငန်း ၆ ခု၊ စုစုပေါင်း လုပ်ငန်းခွဲ ၄၀ တို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အလားတူ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ရဲတံခွန်၊ ဂျော့၊ ဆင်တောင်၊ ကုန်းမြင့်သာယာ၊ စွပ္ပလောင်၊ ဒုံကနိ၊ ခလောက်ချ၊ ဝဲဟတာ၊ ဇီးနှစ်ပင် (ပယောဟဲ)၊ ကရင်သောင်၊ ဝတ်ဖြူ(တောင်ဝိုင်း) ကျေးရွာ (၁၁)ရွာတွင် လမ်းပြုပြင်ခြင်း (၉)ရွာ၊ ကွန်ကရစ် လမ်းခင်းခြင်း(၁)ရွာ၊ ရေနုတ်မြောင်းတူးဖော်ခြင်း(၂)ရွာ၊ ရေပြွန်(၄)ရွာ၊ ခြံစည်းရိုးကာရံခြင်း (၁)ရွာ၊ သုဿန် မြေနေရာရှင်းလင်းခြင်း(၂)ရွာ၊ စာသင်ကျောင်းခန်းမ ကွန်ကရစ်လမ်းခင်းခြင်း (၁)ရွာ၊ Slab culvert ပြုလုပ်ခြင်း (၁)ရွာ၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း(၁)ရွာတို့ကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဟန်လင်းနိုင်