နေပြည်တော် စက်တင်ဘာ ၂၇
နေပြည်တော် အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနမှ Social Care Volunteer Group (SCVG)၏ အကူအညီ ဖြင့် ရွှေ့ပြောင်းသွားလာသူများမှ ရွှေ့ပြောင်းသွားလာခြင်းမပြုမီ ဆောင်ရွက်သင့်သည့် အကြောင်းအရာများ ကို သိရှိစေရန်၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရန်နှင့် လူကုန်ကူးခံရပြီးနောက် လွတ်မြောက်လာသူများကို လိုအပ်သော ချိတ်ဆက်ဆောင်ရွက်မှုများပေးနိုင်ရန် ရည်ရွယ်၍ စက် ၂၅ ရက်နေ့ ၁၅:၀၀ နာရီအချိန်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မစျေး ကားကွင်းအရှေ့ဘက်၌ " တရားဝင်လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ဖို့ သက်ဆိုင်ရာဌာနများ နှင့် ချိတ်ဆက်ကြပါစို့ " အသိပညာပေး (Billboard) စိုက်ထူခဲ့ကြသည်။
အဆိုပါ အသိပညာပေး (Billboard) စိုက်ထူခြင်းကို နေပြည်တော် အလုပ်သမား ညွှန်ကြား မှုဉီးစီးဌာန တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဉီးသန်းဝင်း ဉီးဆောင်၍ ဆောင်ရွက်ခဲ့ကြ ခြင်းဖြစ်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သော ကိစ္စရပ်များရှိလာပါက နေပြည်တော် အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနရုံး၊ အမှတ်(ဒမ-၀၀၉)၊ ဒက္ခိဏသီရိရပ်ကွက်၊ ဒက္ခိဏသီရိမြို့ နယ်၊ ဖုန်း- ၀၆၇ ၈၁၀၆၃၀၀၊ npt.dol@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ရွှေရွှေမြင့်(ပြန်/ဆက်)