ကျန်းမာရေးဝန်ထမ်းများအတွက် ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ P.P.E နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်း

Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် P.P.E နှင့် လက်သန့်စင်ဆေးရည်၊ နှာခေါင်းစည်းများပေးအပ်လှူဒါန်းပွဲကို မတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရေတာရှည်မြို့နယ်၊ မြို့နယ်ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် ကအဖွင့်အမှာစကားပြောကြားသည်။

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြိုင်မြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူဦးစီးဌာနက ထုတ်ဝေသော စားသုံးသူအခွင့်အရေးများနှင့် ပြန်လည်ကုစားခြင်းဆိုင်ရာ အချက် ၈ ချက်ပါ ပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံဦးဇော်ထွန်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးဘိုဝင်းနှင့် မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဌေးတို့မှပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်း၍ စားသုံးပြည်သူများ သိသင့်သိထိုက်သည့် အခွင့်အရေးများအကြောင်းနှင့် ပြန်လည်ကုစားခြင်းများ အကြောင်းတို့ကို စားသုံးသူရေးရာဦးစီးမှူး မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းဦးက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိကအပြင်းဖျားရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် သံဆည်ကျေးရွာ၌  ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊‌ ဟင်္သာတခရိုင်၊‌ လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်‌ဝေခဲ့ကြောင်း သိရသည်။

ဂန့်ဂေါတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ လက်ကမ်းစာစောင်များဖြန့်ဝေ

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ဂန့်ဂေါမြို့၊ မြို့မစျေးတွင် စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေဦးဆောင်၍ ယနေ့နံနက်ပိုင်းက လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

မြဝတီမြို့၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြန့်နှံ့မှု အခြေအနေကြောင့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံဘက်သို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဝင်ထွက်သွားလာသူများအား ထိုင်း-မြန်မာနှစ်နိုင်ငံ အဝင်/ အထွက် များ နယ်စပ်ဂိတ်များမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရန် ရောဂါများ စစ်ဆေးခြင်း၊ အဖျားတိုင်းတာခြင်း၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်သည့်  ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ယမန်နေ့ ည ၈ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့မစည်ပင်သာယာဈေးနှင့် ခမိုးကားဝင်းယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေ စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။

လက်ပံတန်း မြို့မဈေးတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉ နာရီက လက်ပံတန်း မြို့မဈေးတွင် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Subscribe to