ညောင်လွန့်ဈေးတွင် နှာခေါင်းစည်း(Mask)များ (အခမဲ့)ဖြန့်ဝေခြင်းနှင့်အသိပေး ကြေညာ ခြင်းများ ဆောင်ရွက်

နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ အုပ်စုအတွင်းရှိ ငါးရက်လျှင် တစ်ကြိမ် ဖွင့်လှစ်သော ညောင်လွန့်ဈေးသို့ လာရောက်ကြသည့် ဈေးရောင်း/ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ဒို့တပ်ကုန်း အဖွဲ့မှ နှာခေါင်းစည်း (Mask)နှင့် လက်သန့် ဆေးရည်များ (အခမဲ့)ဆောင်ရွက်ပေးသည်။

ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေ၊ ဆန်၊ ဆီ နှင့် အခြားအသုံးအဆောင်ပစ္စည်းများ လှူဒါန်း

ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် လက်ရှိအချိန်ထိ ပိုးတွေ့ အတည်ပြုလူနာ(၄၄)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၊ မိုးလုံလေလုံအားကစားရုံ၊ အထက(ခွဲ) အေးမြသီတာကျောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူ( Primary Contact )များ ထားရှိဆောင်ရွက်လျှက်ရှိပြီး မူလွန်ကျောင်း ဆင်ကန်ရပ်ကွက်နှင့် အထက မြိုင်သာယာ ကျောင်းတို့တွင်လည်း Quarantine Centre အဖြစ် ထားရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ်ကြား ဘိုးဘွားများအား ငွေကြေးထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီး ဘိုးဘွားများအား ငွေကြေး ထောက်ပံ့ပေးခြင်းကို ယမန်နေ့မှစ၍ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ် အခွန်လွတ်ဈေး၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် Face shield အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေး၌ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးရောင်း၊ ဈေးဝယ်  ပြည်သူများအား  နှာခေါင်းစည်း (Mask) နှင့် Face shield   တပ်ဆင်သွားလာကြရန်  အခမဲ့ဖြန့်ဝေပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက    ဈေးတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ခင်သွယ်သွယ်ထွဋ်တို့က ပူးပေါင်းဆောင်ရွက်ကြောင်း  သိရသည်။

ဟိုပန်၌ ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအား မျိုးစေ့များ ထောက်ပံ့ ပေးအပ်

(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လက နမ့်တိန်ချောင်းရေကြီးမှုကြောင့် မော်ဟွေ့ကျေးရွာအုပ်စုတွင် မိုးစပါးများ ရေကြီး နစ်မြှုပ်ကာ ပျက်စီး မှုဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပျက်စီးသွားသည့် မိုးစပါးများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မော်ဟွေ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ပါသည်။

လှိုင်မြို့နယ်တွင်စည်ပင်သာယာ ဝန်ထမ်းများနှင့်သန့်ရှင်း​ရေးဝန်ထမ်းများအား အလှူရှင်များမှဆန်၊ ဆီနှင့် မုန့်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့များကမြို့နယ်အတွင်းရောဂါကူး စက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေး၊ကာကွယ်ထိန်းချုပ်နိုင် ရေးနှင့်​​မြေပြင်တွင်ထိ​တွေ့​ဆောင် ရွက်​နေရသူများအဆင်​ပြေ​​​စေရန် တို့အတွက်ပိုး တွေ့လူနာများ ထားရှိရာQuarantine Center များတွင် တာဝန်ထမ်း​​ဆောင်​နေကြရ​သော  စည်ပင်သာယ

မန့်ဟီးရိုးမြို့တွင် Take away ပါဆယ်စနစ်ဖြင့်သာရောင်းချရန်အသိပေးခြင်းနှင့် ပြည်သူ များအား Mask တပ်ဆင်မှုမရှိပါက ချက်ချင်းဝယ် ချက်ချင်းလှူစနစ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ နှံ့မှုကို ဟန့်တားကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင် များအား Take away( ပါဆယ်)စနစ်ဖြင့်သာ ရောင်းချခြင်းရှိမရှိကို ယမန်နေ့ နံနက် ပိုင်းက ကိုဗစ်-၁၉ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ သည်။

ရွှေပြည်သာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများ အတွင်း အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

ရန်ကုန်‌‌ ‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု ကိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင် သော  ရပ်ကွက်/ကျေးရွာ ကိုဗစ်ကော်မတီဝင်များမှ မိမိတို့ရပ်ကွက်၊ ကျေးရွာများရှိ စျေးများ၌ ယမန်နေ့က အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ Stay at Home ကာလ စနစ်တကျ ဈေးရောင်းချရေး ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ အတွင်း ပြည်သူများ မဖြစ်မနေ စားသောက်ကုန်များဖြစ်သော သားငါးနှင့် ဟင်းသီးဟင်းရွက် ရေားင်းချသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ
Subscribe to