ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ် ကျပ်(၂၀၀၀၀)ထောက်ပံ့ပေးအပ်

ပေါက်ခေါင်းမြို့နယ်  ရပ်ကွက်ကျေးရွာအတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များသို့ တတိယအကြိမ် ကျပ် (၂၀၀၀၀) ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀  နာရီက 

ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်  မြို့မဈေးနှင့်ယာယီပျံကျဈေးတို့၌ အသိပညာပေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု  ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့မဈေးနှင့်ယာယီပျံကျဈေးတို့အတွင်း ဝင်ထွက်သွားလာကြသည့် ဈေးရောင်း ဈေးဝယ် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်   လမ်းညွှန် ချက်များအား လိုက်နာဆောင်ရွက်စေရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင် နှင့်ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်(Hand Speaker)ဖြင့် လှည့်လည်ကြေညာခြင်းကို ယမန်နေ့က အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အရေးကြီးကိစ္စမှ အပ မလိုအပ်ဘဲ ယာဉ်များ ပြင်ပသို့ အကြောင်းမဲ့သွား လာခြင်း မရှိစေရေး အသိပေးစစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များ ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်းမရှိစေရေး အသိပေးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် မိုးရာသီ၌ အများဆုံးဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွာငံ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရွာမ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် စောင့်ကြည့်လူနာတစ်ဦး၏ နှာခေါင်းနှင့် အာခေါင် တို့ပတ်အား မန္တလေးပြည်သူ့ဆေးရုံဓာတ်ခွဲဌာန သို့ပို့ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ယမန်နေ့နံနက် ၃ နာရီအချိန်က စောင့်ကြည့်လူနာတစ်ဦး၏ အာခေါင်၊ နှာခေါင်းတို့ပတ် swab နာမူနာကို ရယူ၍ ပန်ဆောင်မှ နန်းယွန်း မြို့ပြည်သူ့ဆေးရုံသို့ပေးပို့ပြီး နန်းယွန်းမှ မန္တလေးပြည်သူ့ဆေးရုံသို့ ဆက် လက် ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

သုံးခွမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE (၃၂၀)စုံ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် PPE ၀တ်စုံများ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 ဒေါပုံမြို့နယ်တွင် Stay at home ကာလမလိုအပ်ပဲ ပြင်ပသို့သွားလာလျက်ရှိသည့်ယာဥ်များမရှိစေရေးအတွက် အသိပညာပေးဆောင်ရွက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀)ရက်နေ့ထုတ်ပြန်ချက်အရ  Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍သွားလာခြင်းမပြုရန် ရပ်ကွက်များ အတွင်းကြေ ညာခဲ့ပြီးနောက် ပြည်သူများတိကျစွာလိုက်နာစေရန်အတွက်အသိပညာပေးဆောင်ရွက်ခြင်းကို ဒေါပုံမြို့နယ်တွင် ယနေ့ နေလယ်(၁)နာရီခွဲ အချိန်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး  ကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကွတ်ခိုင်မြို့၌ ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ကမ္ဘာ့ ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့သည်။

မှော်ဘီမြို့နယ်တွင် ပြည်သူများ မိမိနေအိမ်တွင် နေထိုင်ရန် (Stay At Home) ကာလအတွင်း အကြောင်းမဲ့ သွားလာခြင်း မပြုရန် စစ်ဆေးဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမှ ပိုမို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများ မိမိ နေအိမ်တွင် နေထိုင်ရန် (Stay At Home) အစီအစဉ် ကြော်ငြာချက်ပါ စည်းကမ်းများနှင့်အညီ လိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့က မှော်ဘီမြို့နယ် ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to