ဟိုပန်၌ ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအား မျိုးစေ့များ ထောက်ပံ့ ပေးအပ်

 

ဟိုပန်     စက်တင်ဘာ     ၂၈

 (၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လက နမ့်တိန်ချောင်းရေကြီးမှုကြောင့် မော်ဟွေ့ကျေးရွာအုပ်စုတွင် မိုးစပါးများ ရေကြီး နစ်မြှုပ်ကာ ပျက်စီး မှုဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပျက်စီးသွားသည့် မိုးစပါးများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မော်ဟွေ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ပါသည်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းမြက မျိုးစပါးအခမဲ့ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးချိုလေးက အရန် မျိုးစပါး စုစောင်း ထားရှိမှု အခြေ အနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မော်ဟွေ့ကျေးရွာအုပ်စုမှ တောင်သူ(၃၁)ဦး၏ ရေကြီးနစ်မြှပ်ပျက်စီးခဲ့သည့် မိုးစပါး (၅၄.၇၄)ဧကအတွက် တစ်ဏကလျှင် (၁.၅)တင်းနှုန်းဖြင့် မျိုးစပါး စုစုပေါင်း (၈၂.၁၁) တင်းကိုတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 ယခုထောက်ပံ့သည့် အစီအစဉ်သည် ခရိုင်/မြို့နယ် အသီးသီးတွင် (၂၀၁၇-၂၀၁၈)ခုနှစ်မှ (၂၀၁၈-၂၀၁၉)ခုနှစ်အထိ (RS-CS) မျိုးစေ့ထုတ်လုပ်မှုမှ မျိုးစေ့ဘဏ်အစီအစဉ်ဖြင့် စုဆောင်း ထားသော မျိုးစပါးများအား အခမဲ့ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)