ဒဂုံ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေး၌ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း (Mask) နှင့် Face shield တပ်ဆင်သွားလာကြရန် အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ခင်သွယ်သွယ်ထွဋ်တို့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါကြောင့် ပြည်တွင်း ကူးစက်မှုနှုန်းပိုမို များပြားလာသည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါတစ်ဦးမှ တစ်ဦးသို့ရောဂါကူးစက်ပြန့် ပွားမှုမရှိစေရန် ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask)နှင့် Face shield များကိုစနစ် တကျတပ်ဆင်သွားလာကြရန်နှင့်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏အသိပညာပေး ကြေညာချက် များကိုတိကျစွာလိုက်နာကြရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)