ညောင်လွန့်ဈေးတွင် နှာခေါင်းစည်း(Mask)များ (အခမဲ့)ဖြန့်ဝေခြင်းနှင့်အသိပေး ကြေညာ ခြင်းများ ဆောင်ရွက်

 

တပ်ကုန်း       စက်တင်ဘာ        ၂၈

နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ အုပ်စုအတွင်းရှိ ငါးရက်လျှင် တစ်ကြိမ် ဖွင့်လှစ်သော ညောင်လွန့်ဈေးသို့ လာရောက်ကြသည့် ဈေးရောင်း/ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်ယနေ့ နံနက်ပိုင်းက ဒို့တပ်ကုန်း အဖွဲ့မှ နှာခေါင်းစည်း (Mask)နှင့် လက်သန့် ဆေးရည်များ (အခမဲ့) ဆောင်ရွက် ပေးသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေနှင့် ကျန်းမာရေး ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်စေရန် ဟန်းစပီကာဖြင့် ဈေးအတွင်း လှည့်လည်၍ အသိပေး ကြေညာခြင်း၊ နှာခေါင်းစည်း (Mask) (၁၀၀၀)ခု(အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် လက်သန့်ဆေးရည်(Hand Spray) ဖျန်းပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

တင်စိုးလွင်