သာကေတမြို့နယ် ဖျားနာဆေးကုခန်း (Fever Clinic)မှ စစ်ဆေးကုသပေးရာတွင် အခက်အခဲမရှိ အဆင်ပြေစွာ ကုသပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

​​​​​​​ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဖျားနာဆေးကုခန်း Fever Clinic ကို မြို့နယ် ဘောလုံးကွင်းတွင် အပတ်စဉ်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် နံနက်(၉)နာရီမှ နေ့လယ် (၁၁)နာရီထိ

ပုံပါကျင်မြို့တွင် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု ၊ ကယန်း ကုန်းတွင် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုင်းအေးလှိုင်နှင့် အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာတွင် တောင်သူပညာပေး ကွင်းလက်တွေ့သရုပ်ပြသပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်ဟွန်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူပညာပေး ကွင်းလက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများ လာရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)အတွင်းရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပြည်သူများအတွက် ယခုလို Stay at home အမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မူများ အပြည့်အဝ ပေးဆောင်နေချိန်တွင် ဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေးအား အထောက်အပံ့ဖြစ်စေရန် ပြည်သူ့ ကျန်းမာရေးဝန်ထမ်း(၁၁၀)ဦးအတွက် ဆေးရုံအုပ်ကြီး ဒေါက်တာခင်ရူပါစိုး၏ လမ်းညွှန်ကူညီမှုဖြင့် အလှူရှင် မမေမျိုးသူ မိသားစုမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူးနှင့်ကြက်ဥများကို ယမန်နေ့က လာရောက်လှူဒါန်းရာ တာဝန်ခံ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ရူပါစိုးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

သီပေါမြို့နယ်တွင်ဆောင်ကြဲကျေးရွာအုပ်စုတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာ ပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများအဖွဲ့သည် ဆောင်ကြဲကျေးရွာအုပ်စု ၊ ဆောင်ကြဲကျေးရွာနှင့် ပန်မိတ်ကျေးရွာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ အုပ်ချုပ်ရေးမှူး ရုံးများ တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ထပ်မံဖွင့်လှစ်မည့် Quarantine Centre အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ် (၁၇) ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းတွင် ထပ်မံဖွင့်လှစ်မည့် Quarantine Centre အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

မိုင်းငေါ့မြို့တွင်းရှိ စားသောက်ဆိုင်များ အားလုံး Take away(ပါဆယ်) စနစ်ဖြင့် ရောင်းချ စေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အတွင်းရှိ ဖွင့်လှစ် ရောင်းချလျက် ရှိသော စားသောက်ဆိုင်များအား စက်တင်ဘာ ၂၆ ရက်နေ့မှ စတင်၍ Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချနိုင်ရေး အတွက် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်ခန့်က ကွင်းဆင်း စစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်၌ ကျေးရွာနေပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Network Activities Group (NAG) မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းများ ပြုလုပ်

ကျေးရွာနေပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Network Activities Group (NAG) မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းများကို ယနေ့နံနက်(၉)နာရီက စတင်ကျင်းပခဲ့ရာ Network Activities Group (NAG) မှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးပြုံးချိုက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ငွေကျပ်(၆၇)သိန်းကျော် ထပ်မံလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ဆန်၊ ဆီနှင့် ကုလားပဲ လှူဒါန်းမှုကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ထွေ/အုပ်ရုံး၊ အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to