အလုံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အလှူငွေများ ထောက်ပံ့လှူဒါန်း

အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသော အလုံ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အထောက်အပံ့တစ်ခုဖြစ်စေရန်အတွက် ရည်ရွယ်ကာ အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က အလုံမြို့နယ် သမဝါယမအသင်းစု ရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာလှပရေး ဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ ဆား ၊ကြက်သွန်၊ ကြက်ဥ၊‌ ရွှေဖရုံသီး စသော စားနပ်ရိက္ခာများကို ယမန်နေ့ နံနက်ပိုင်းက ချောင်းသာမြို့ စုပေါင်းရုံး ခန်းမဆောင်၌ ပေးအပ်ခဲ့သည်။

ရန်ကုန်ဘူတာကြီးမှ မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အနှံ့ ပြေးဆွဲပေးနေသော ရထားခရီးစဥ်များကို ခေတ္တရပ်နားထားမည်

ရန်ကုန်ဘူတာကြီးသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏  သွားလာရေးအတွက်အဓိကကျသည့် ပို့ဆောင်ဆက် သွယ်ရေးအချက်အခြာကျသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရထားလိုင်းများ ပြေးဆွဲခဲ့ရာတွင်လဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကာ ပြည်သူများအတွက် မြန်မာနိုင်ငံအနှံ့ ရထားများပြေးဆွဲပေးခဲ့သည်။

တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပိုးသတ်ဆေး ဖျန်းစက် လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက် နေလျှက်ရှိရာ မြို့နယ်အရန်မီးသတ်တပ်ရင်းအသုံးပြုနိုင်ရန် ပိုးသတ် ဆေးအငွေ့ဖျန်းစက် လှူဒါန်းခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ် (၁၄) ရပ်ကွက်၊ စီမံကိန်း(၁)အတွင်း ပြည်သူများသို့ နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ရန် စစ်ဆေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ဖျားနာကုအခမဲ့ ဆေးခန်း(Fever Clinic)တို့တွင် အသုံးပြုရန်အတွက် အလှူငွေနှင့်ပစ္စည်းများထောက်ပံ့လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသလုပ်ငန်းများနှင့် ဖျားနာကုသအခမဲ့ဆေးခန်း (Fever Clinic)တို့တွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက လာရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် Lock Down ချထားသော လမ်းများအတွင်းရှိ အိမ်ထောင်စုဝင်များအား We Love Yangon နှင့် We Love Bahan တို့မှ အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်များအတွင်း၌ လမ်းများတွင် Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် We Love Yangon နှင့်We Love Bahan တို့မှ ယနေ့နံနက်ပိုင်းက လာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့တွင် (Stay at Home) နေ ပြည်သူများ အပြင်ထွက်သည့်အခါ ရပ်ကွက်အတွင်း သွားလာခွင့်ကတ်များ ပါ/မပါစစ်ဆေး

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ရပ်ကွက်နေပြည်သူများ အပြင်ထွက်ဈေးဝယ်သည့်အခါ ရပ်ကွက်အတွင်း ထွက်ခွာသွားလာခွင့်ပြုသည့်ကတ်ပြားများ ပါ/မပါအမှတ်(၁)ရပ်ကွက်ရှိ ယာယီဈေးရှေ့တွင် ယမန်နေ့ နံနက်(၇)နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်ဆေးခဲ့ကြသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ (VRFP) စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၁၇ ရွာသို့ စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း (၄၀၀၀) ထုတ်ချေးပြီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project (VRFP) စီမံကိန်း ဆောင်ရွက်လျက်ရှိသော ကျေးရွာ (၁၇) ရွာတွင် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၀၀၀) ထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံ၌ မြို့ဝင်၊ မြို့ထွက်နေရာများရှိ စစ်ဆေးရေးဂိတ်များတွင် နေ့ညမပြတ် စစ်ဆေးဆောင်ရွက်မှုများပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်လမ်းဆုံသို့ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်နှင့် လူပုဂ္ဂိုလ်များအား နေ့စဉ်၊ ညစဉ် စစ်ဆေးဆောင်ရွက်ရန် မြို့သို့ဝင်ရောက်လာသည့် နေရာများ၌ စစ်ဆေးရေးဂိတ်များထားရှိကာ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Subscribe to