ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅) နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် (၈၀) နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့ က ပိုင်ကျုံမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အစိုးရနည်းပညာအထက်တန်းကျောင်းတွင်ဖွင့်လှစ်ထားသည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အစားအသောက်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အစားအသောက်များကို လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး

ဇလွန်​မြို့မဈေးသစ်အတွင်း ဈေးရောင်း ၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ပူး​ပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ပူးပေါင်း အဖွဲ့ဖြင့် ဇလွန်မြို့မစျေး သစ်အတွင်း ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျောက်တံတားမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် အသိပညာပေး

ကျောက်တံတားမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေး ဆိုင်/အိမ် ဆိုင်များ သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မြင်းခြံခရိုင်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်း သက်ကြီးရွယ်အိုများအား ကျပ်သုံးသောင်းစီ ထောက်ပံ့သွားမည်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်အတွင်းရှိ သက်ကြီး ရွယ်အိုဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘိုးဘွားတစ်ဦးလျှင် ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

ဟိုပုံးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်း နှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလိ ကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ် ကြောင်း သိရ သည်။

Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်ရန်အမှတ်( ၃၉ )အခြေခံပညာမူလတန်းကျောင်းအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်  ထိန်းချုပ်ရေး နှင့်ကူးစက်ပျံ့ပွားမှုများ မဖြစ်စေရန်အတွက်    အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ   ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည့် ဓာတ်ခွဲအတည် ပြုလူနာများနှင့်ထိတွေ့ခဲ့သည့် သူများအား  သီးခြားနေထိုင်  စောင့်ကြည့်နိုင်ရေး  Quarantine  Centre  များဖွင့်လှစ်၍ မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များ၊ရပ်/ကျေးကော်မတီဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက လိုအပ်သည်များကို  ပံ့ပိုးကူညီ  ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထန်းတပင်မြို့နယ်၌ ပြည်သူမှ ပြည်သူဆီသို့ အခြေခံစားသောက်ကုန်သုံးမျိုးတို့ကို ပြန်လည်မျှဝေ လှူဒါန်း

ပြည်သူမှ ပြည်သူဆီသို့ အခြေခံစားသောက်ကုန်များ ပြန်လည်မျှဝေလှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် အလှူရှင်တစ်ဦးမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ် ပလမြို့ အ၀င်/အထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်သော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇နာရီခွဲက ပလမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to