ရွှေပြည်သာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများ အတွင်း အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

‌ရွှေပြည်သာ စက်တင်ဘာ ၂၈

 

ရန်ကုန်‌‌ ‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု ကိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင် သော  ရပ်ကွက်/ကျေးရွာ ကိုဗစ်ကော်မတီဝင်များမှ မိမိတို့ရပ်ကွက်၊ ကျေးရွာများရှိ စျေးများ၌ ယမန်နေ့က အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့  နှိုးဆော်ရာတွင်   လက်ရှိမြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသော   သူများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ သာမန်အတိုင်း နေကောင်း ကျန်းမာစွာ ရှိနေသ‌ဖြင့် မည်သူ့ထံတွင် ရောဂါပိုးရှိသည်ကို မသိရသည့်အတွက် စျေးများတွင် ပါးစပ်နှင့်နှာခေါင်းစည်းများအား စနစ်တကျ တပ်ဆင်ခြင်းမရှိပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်   ခက်ခဲသည့်အတွက်   ပါးစပ်နှင့်နှာခေါင်းစည်း(Mask)  စနစ်တကျ တပ်ဆင်ထားသူများကိုသာ    စျေးအတွင်းသို့  ဝင်ရောက်ခွင့်ပြုရန်၊ စျေး ရောင်းသူများ အားလုံး ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်ရမည့်အပြင် မျက်နှာအကာ( Face Shield )ကိုပါ  စနစ်တကျအမြဲတပ်ဆင်ကြရန်၊စျေးများတွင် လက်ဆေးရန်နေရာ၊ ဆပ်ပြာနှင့်ရေ   စီစဉ်ထားရှိပေးရန်၊ စျေးရောင်းချသူ  တစ်ဦးနှင့်တစ်ဦး  တတ်နိုင်သမျှအနည်းဆုံး  (၆)ပေအကွာမှ   ရောင်းချကြရန်၊နှာချေ၊ချောင်းဆိုး၊ဖျားနာ၊လတ်တလော အနံ့မရသူများကို စျေးရောင်းချခွင့် လုံးဝမပြုလုပ်စေရန်နှင့်   ကိုဗစ်-၁၉ရောဂါကို အမြန်ဆုံး  ထိန်းချုပ် ကျော်လွှားနိုင်ရေးအတွက် ပြည်သူများအနေဖြင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့်   ဆောင်ရန်/ရှောင်ရန်အချက်များကို တိကျစွာ   လိုက်နာဆောင်ရွက်နိုင်ရေး တို့ကို လိုက်လံ နှိုးဆော်ခဲ့ကြောင်းသိရသည်။

အေးအေးမိုး(ပြန်/ဆက်)