ဒဂုံမြို့နယ် Quarantine Center ၌ အသုံးပြုရန် Sweety Home မိသားစုမှ မွေ့ယာ၊ ခေါင်းအုံးနှင့် ခေါင်းစွပ်အစုံ(၅၀)လာရောက်လှူဒါန်း

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော Quarantine Center တွင် စောင့်ကြည့်ရမည့် လူနာများအတွက် ထားရှိ အသုံးပြုနိုင်ရန် Sweety Home မိသားစုမှ မွေ့ယာ၊ ခေါင်းအုံးနှင့် ခေါင်းစွပ်အစုံ(၅၀)အား ယမန်နေ့ မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များ ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များတွင် သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အတွင်းရှိဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့၌ Mask Campaign ပြုလုပ်၍ ပြည်သူများထံ Mask(၁၅၀၀)ခု အခမဲ့ဝေငှ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက Mask Campaign ပြုလုပ် သည့်အ‌နေဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းသို့ ဝင်/ထွက်သွားလာသောဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်များအား Mask (၁၅၀၀)ခု အခမဲ့ ဝေငှပေးသည်။

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် မူလာရှီးဒီ မြို့အဝင်/အထွက် ဂိတ်ကို ကော်မတီဝင်များ သွားရောက်ကြပ်မတ် စစ်ဆေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တစ်ဖန်မြင့်တက်လျက်ရှိနေပြီး ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမှ မြို့နယ် ပူတာအို-ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ကျန်းမာ‌ရေး နှင့် မြို့လူအဝင်/အထွက် စစ်ဆေးဂိတ်ကို ယမန်နေ့နံနက် ၈ နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

လမင်းတစ်ရာ ဘက်စုံပရဟိတ ဆရာတော်နှင့်အဖွဲ့မှ ပုသိမ်မြို့ ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီး ကျေးရွာရှိ လက်လုပ်လက်စားများကို စားနပ်ရိက္ခာထောက်ပံ့ကူညီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီးကျေးရွာသို့ စက်တင်ဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့၊ လမင်းတရာ ဘက်စုံပရဟိတ ဆရာတော်နှင့် ဘက်စုံလူမှု ကူညီရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း ကျေးရွာရှိ လက်လုပ်လက်စားပြည်သူများအား စားသောက်ကုန်များကို သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။

ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် (Cash For Work)စီမံကိန်း ရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးမှု အားနည်းသော ကျေးရွာအုပ်စုမှ‌ ကျေးလက်နေ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် မိသားစုဝင်ငွေ ရရှိရေးလုပ်ငန်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားနိုင်ရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာ (၁၃) ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် စီမံကိန်းရန်ပုံငွေ စုစုပေါင်းငွေကျပ် သိန်း(၁၃၀၀) ဖြင့် လမ်းလုပ်ငန်း(၁၃)ခုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ ပထမပတ် အတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး Cash For Work စီမံကိန်းရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

မြိတ်မြို့တွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သုံးစွဲရန် မသင့်သည့် တားမြစ် အလှကုန်များ၊ စံမညီဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး ပညာပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ပြည်သူများ စားသုံးရန်နှင့် သုံးစွဲရန် မသင့်သည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်များကို ရောင်းချခြင်း မရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ရှောင်တခင်စစ်ဆေးခဲ့ကြသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အမှတ်(၁)လုံခြုံရေးရဲတပ်ခွဲမှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခွဲက ပဲခူးမြို့ အထွေထွေရောဂါကု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကွပ်ကဲမှု အောက်ရှိ ခရိုင်(၃)ခရိုင်၊ မြို့နယ်(၁၀)မြို့နယ်ရှိ ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် စီမံကိန်း လုပ်ငန်း များ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရှိ ရပါသည်။
Subscribe to