ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့များကမြို့နယ်အတွင်းရောဂါကူး စက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေး၊ကာကွယ်ထိန်းချုပ်နိုင် ရေးနှင့်မြေပြင်တွင်ထိတွေ့ဆောင် ရွက်နေရသူများအဆင်ပြေစေရန် တို့အတွက်ပိုး တွေ့လူနာများ ထားရှိရာQuarantine Center များတွင် တာဝန်ထမ်းဆောင်နေကြရသော စည်ပင်သာယာမှ တာဝန်ရှိဝန်ထမ်းများ၊ သန့်ရှင်းရေး ဝန်ထမ်း များစုစုပေါင်း(၁၆၀) ဦး၊ကြက်ခြေနီ တပ်ဖွဲ့ ဝင်(၄၀) ဦး တို့အတွက်အလှုရှင် များမှလှူဒါန်းထားသောဆန်( ၆) ပြည် ပါ ဆန်အိတ်အလုံး( ၂၀၀)နှင့် M-PRIDE ကုမ္ပဏီမှ လှူဒါန်းထားသောမုန့်မျိူးစုံနှင့်ဆီဘူး(၂၀၀)တို့ အားကိုဗစ်-၁၉ကော်မတီဝင်များနှင့် အလှူရှင်များကယနေ့နံနက်က လှိုင်မြို့နယ်စည်ပင်သာယာရုံးတွင်စည် ပင်ဝန်ထမ်းများလက်ဝယ်အရောက် လှူဒါန်းပေးခဲ့ ကြောင်း သိရှိရသည်။ ထိုသို့ အလှူ ရှင်များမှလှူဒါန်းပေး ခြင်းဖြင့်လှိုင် မြို့နယ်အတွင်းအသွား အလာကန့် သတ်ထားရှိသောStay at Home ကာလတွင်စည်ပင်သာယာနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၏မိသားစုများ အနေဖြင့်စား သောက်ရေးအတွက်အခက်အခဲမ ရှိတတ်နိုင်သမျှအဆင်ပြေစေရန် ရည်ရွယ်ပြီးတဖက် တလမ်းမှတတ် အားသရွေ့ပါ ဝင်ကူညီလှူဒါန်း ပေး ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါ သည်။
ကြည်ဇေသော်( ပြန်/ဆက်)