ပန်းတနော်မြို့နယ်၌ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်- ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဥ်အရ Cash For Work စီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ကျေးရွာပေါင်း ကိုးရွာနှင့်ကျေးရွာမတည်ရန်ပုံငွေ (VRFP)ဖြင့် ကျေးရွာ သုံးရွာတွင် ထုတ်ချေးဆောင်ရွက်ပြီး အဆိုပါစီမံကိန်း လုပ်ငန်းများကို ဇူလိုင်လ တတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်က ပြောသည်။

ကျောက်တံတားမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေ ကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် အသိပညာပေး

ကျောက်တံတားမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍

ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (တတိယအကြိမ်)  ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယ‌မန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ သိရသည်။

မိုင်းငေါ့မြို့ဈေး ရပ်ကွက်အတွင်းရှိ အသက်(၈၀)ကျော် သက်ကြီးဘိုးဘွားများနှင့် အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေး ရပ်ကွက် အတွင်းရှိ အသက်(၈၀) ကျော် အသက်ကြီး ဘိုးဘွား(၈) ဦးအား လူမှုရေး ပင်စင် ခံစားခွင့် ထောက်ပံ့ ငွေများနှင့် အခြေခံ လူတန်းစား (၄၀)ဦးအား တတိယ အကြိမ် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်ကပေးအပ်ခဲ့ကြောင်းသိရသည်။

အင်တောမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေးစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အင်တောမြို့မဈေးတွင် ဈေးသည်၊ ဈေးဝယ်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလ Stay at Home လိုက်နာကြရေး ပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်တွင်   ပြည်သူများ   ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်းရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့သွားရောက်ကြခြင်း မပြုလုပ်ကြရန်Stay at  Homeနေထိုင်ရေးအ

စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ Save The Children အဖွဲ့မှ ရုံးသုံး ပရိဘောဂ ပစ္စည်းများ လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် ရုံးသုံးပရိဘောဂပစ္စည်းများအား Save The Children အဖွဲ့မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။  

ကျောက်ထုမြို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများအား အစားအသောက်နှင့် အာဟာရများ  လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ဓမ္မဗိမ္မာန်ရိပ်သာတွင် အသွားအလာ ကန့်သတ်နယ်မြေအဖြစ်ထားရှိသည့် နေရပ်ပြန်များအား ပန်းဆန် ကျေးရွာ ရွာဦး ကျောင်းဆရာတော် ဦးဝိစာရ၏ အစီအစဉ်ဖြင့် အစားအသောက်နှင့် အာဟာရများ ကို ယမန်နေ့က ၁၁ ရက်မြောက်နေ့အဖြစ် ပို့ဆောင် လှူဒါန်းကြောင်း သိရသည်။

တပ်ကုန်းမြို့၌ Online အစီအစဉ်ဖြင့် အခြေခံသိုးမွေးထိုးနည်းသင်တန်းသင်ကြား

နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားသော်လည်း Online အစီအစဉ်ဖြင့် အပတ်စဉ် စာအုပ်များ မိတ်ဆက်ခြင်း၊ ကဗျာ၊ ပုံပြင်ပြောတင်ဆက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံသိုးမွေးထိုးနည်းသင်တန်းကို Online စနစ်ဖြင့် တင်ဆက်နိုင်ရေးအတွက် စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် သင်ကြားပေးခဲ့သည်။

ပလောက်မြို့တွင် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ် စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စည်ပင်သာယာဈေးအရှေ့၌ ခရီးသွား ပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ /မရှိ ရှောင်တခင် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to