မန့်ဟီးရိုး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ နှံ့မှုကို ဟန့်တားကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင် များအား Take away( ပါဆယ်)စနစ်ဖြင့်သာ ရောင်းချခြင်းရှိမရှိကို ယမန်နေ့ နံနက် ပိုင်းက ကိုဗစ်-၁၉ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ သည်။
မန့်ဟီးရိုးမြို့အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရန်နှင့် လူစု လူဝေးမဖြစ်စေရေးတို့ အတွက် Take away( ပါဆယ်)စနစ်ဖြင့်သာ ရောင်းချရန် ဆိုင်ပိုင် ရှင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချသွားရန်၊ အဆိုပါ စည်းကမ်းချက်များအား သိရှိ လိုက်နာ မည်ဖြစ် ကြောင်း စက်တင် ဘာလ(၂၅)ရက်နေ့က မြို့စည်ပင်သာယာရေးဌာနမှ လိုက်လံ အသိပေး နှိုးဆော် ထားပြီး ဖြစ်သည်။
မြို့ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ စည်ပင်သာယာရေး ဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့စည်ပင် သာယာရေး နယ်နိမိတ် အတွင်း ဖွင့်လှစ်ရောင်းချနေသည့်စားသောက်ဆိုင်များမှ ဆိုင်ထိုင်စားသုံးခြင်းအား လိုက်နာ ဆောင်ရွက်ခြင်းရှိ မရှိကို လိုက်လံစစ်ဆေးပြီး လိုက်နာမှုအားနည်းသည့် ဆိုင် များ ကို အရေး ယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကုန်စုံဆိုင်များအနေဖြင့်လည်း ဆိုင်အတွင်းသို့ ဈေး ဝယ် သူများဝင်ရောက်နိုင် ခြင်းမရှိစေရန်နှင့် ဈေးရောင်းသူများ ကပါ Mask တပ်ဆင် ရောင်းချ သွားရန် အသိပေးဆောင် ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး မန့်ဟီးရိုးမြို့အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် Mask တပ်ဆင်ခြင်း မရှိပဲ သွားလာကြောင်းတွေ့ရှိပါက ချက်ချင်းအရေးယူသည့် စနစ်တစ်ခုဖြစ်သည့် မိမိနေ ထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ Mask ချက်ချင်းဝယ်ယူလှူဒါန်းနိုင်ရေး ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။
စန္ဒာ(ပြန်/ဆက်)