အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ကြိုဆိုသောအားဖြင့် သစ်ပင်စိုက်ပျိုး
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြောင်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကြီးမှူး၍ မတ်လ(၂၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြောင်မြို့နယ် ဆင်ဂေါင်း တောင်ပေါ်ရှိ စိုက်ကွင်းအမှတ် ၂/၂၀၂ဝ တစ်အုပ်တစ်မ(၂၀၀၀)ပင်စိုက်ခင်းတွင် ရေလောင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။