ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ဆောင်ရွက် ပြီးစီးမှုအား တာဝန်ရှိသူများ သွားရောက်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ရှိသူများသည် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုများအား ယမန်နေ့က ကျေးရွာများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကသာခရိုင် ဗန်းမောက်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ၁၀၀ ရာခိုင်နှုန်းပြီးစီးနေမှု အား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် အလယ် ကန်-စီးမော်-ညောင်ပင်သာ-စုန်းတော်လမ်းပေါ်ရှိ ဂျင်းမြေသားလမ်း‌ ဖောက်လုပ်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် အသက်(၈၅)နှစ်ပြည့်ပြီးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အသက်(၈၀)နှစ်နှင့်(၈၅)နှစ် ပြည့်ပြီးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စည်သူခန်းမ ၌ ကျင်းပပြု လုပ်ခဲ့သည်။

နေပြည်တော်ရှိ ညစျေးများ ယာယီပိတ်သိမ်းသွားမည်

နေပြည်တော်ရှိ ညစျေးများဖြစ်သည့် မြို့မစျေး၊ သပြေကုန်းညစျေး၊ ပုဗ္ဗသီရိညစျေးနှင့် ဒက္ခိဏသီရိညစျေး တို့အား စက် ၃၀ ရက်နေ့မှစ၍ နှစ်ပတ်(သို့မဟုတ်)သုံးပတ် ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်၌ Stay at Home စည်းကမ်းချက်များအား ပြည်သူများသိရှိနိုင်ရေး မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်

 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ စည်းကမ်းချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် စက်တင်ဘာ ၂၉ ရက် ည ၉ နာရီက မီးသတ်ယာဉ်ဖြင့် လိုက်လှံလှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် သဘာ၀တောမီးကြောင့် မိုးစပါး ပျက်စီးတောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင်သဘာ၀တောမီးကြောင့် မိုးစပါးပျက်စီးတောင်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကသာခရိုင် အင်းတော်မြို့တွင် အထက်တန်းဆင့် ကျောင်းသား/သူများ အတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ရှိ အထက်တန်းဆင့် ကျောင်းသားကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေးများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ မိုးစပါး ၇၆၂၇ ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ မိုးစပါးစိုက်ဧက ၇၆၂၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ (၃၁၂၇)ဧက၊ဆင်းသုခ (၁၀၆၂)ဧက၊ ရတနာတိုး (၈၅၅)ဧက၊ ဧရာမင်း (၂၀၃၉)ဧက၊ကောက်ညှင်း (၃၇) ဧကနှင့် တောင်ယာ (၅၀၇)ဧက စုစုပေါင်း (၇၆၂၇)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းထွန်း ထံမှသိရှိရသည်။ ငဖဲမြို့နယ်တွင် ၂၀၁၉ခုနှစ်၊ မိုးစပါးဧက ၁၀၀၀၀ ကျော်စိုက် ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၉၆၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၉၆၅၄ ဧကတွင် တစ်ဧကအထွက်နှုန်း ၇၃.၂၁ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖောင်ရွာရပ်ကွက်တွင် ကလေးငယ်နှစ်ဦး အမွှေးတိုင်မီး ထွန်းညှိ ဆော့ကစားရာမှ နေ့လယ်(၁၂)နာရီ(၁၀)မိနစ် အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
Subscribe to