မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမနင်းကျေးရွာတွင် အဝင်အထွက် ကန့်သတ်ထားသည့် အိမ်ခြေ (၄၈၄) အိမ်အတွက်စားသောက်ကုန်(၆) မျိုးလှူဒါန်း

မွန်ပြည်နယ် ဘီလူးကျွန်းချောင်းဆုံမြို့နယ်ကမနင်းကျေးရွာနှင့် မုခနီးကျေးရွာတို့မှ အဝင်အထွက် သွားလာမှုကန့်သတ်ခြင်းများဆောင်ရွက်ထားသည့် အိမ်ခြေ (၄၈၄) အိမ်နှင့် ဘုန်းတော် ကြီးကျောင်း (၄)ကျောင်းကိုချောင်းဆုံအရှေ့ရပ်ကွက် အေးသိင်္ဂီမော် ရွှေဆိုင် မိသားစုမှ ယနေ့ နံနက်ပိုင်းက စားသောက်ကုန် (၆) မျိုးလာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ် ထိန်း ချုပ်နိုင်ရန်ညမထွက်ရအမိန့်ထုတ်ပြန်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လျက်ရှိရာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ်တွင် အဆိုပါရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့(စက်တင်ဘာလ ၂၉) ရက်နေ့မှ စတင်ကာ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

မော်လမြိုင်ခရိုင် လမိုင်းမြို့ရှိ အသက်(၈၀)နှစ်နှင့် အသက်(၈၅)နှစ် အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၊ လမိုင်းမြို့မြို့မ(၃)ရပ်ကွက် အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

မတူပီမြို့၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၆၇)ဦးအား ခန့်အပ်၍ သင်တန်း ပို့ချမည်

ချင်းပြည်နယ်၊မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေး နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ(၁၆၇)ဦးကို ခန့်အပ်၍ လုံခြုံရေးတာဝန်အပြည့်ထမ်းဆောင်စေနိုင်ရန် အထက (၁) မတူပီကျောင်းတွင် အောက်တိုဘာလ ၁ရက်နေ့ မှ ၂၈ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ဈေးဝယ်သူနှင့် ဈေးရောင်းသူများ လိုက်နာရန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ဈေးဝယ်သူနှင့် ဈေးရောင်းသူ များလိုက်နာရန် ယနေ့နံနက် (၈)နာရီက မြို့မဈေးနှင့် ယာယီပျံကျဈေးသို့ ဈေးဝယ်လာသူများနှင့် ဈေးရောင်းချသူများအား လက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သထုံမြို့နယ်အတွင်းရှိ Stay at Home အဖြစ် နေထိုင်သည့်မိသားစုများအား လိုအပ်သည့် အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး ကျန်းမာရေးဆိုင်ရာ အသိ ပညာ ပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Quatantine Centre များမှ နေအိမ်သို့ ပြန်လည် ရောက်ရှိ လာသသည့် မိသားစုများအတွက် Stay at Home နေထိုင်ရမည့် ကာလအတွင်း စားဝတ် နေရေးအဆင်ပြေစေရေးအတွက် တာဝန်ရှိသူများနှင့် အလှူရှင်များပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများပေးအပ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ် အဖြစ်(၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာသွားမည်

၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှု နှင့်အတူ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ မြို့များ၊ ရပ်ကွက် ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများနှင့် အများပြည်သူသွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှ (၁၄) ရက်ကြာ ထပ်မံကပ်ထား ကြေညာပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရှိရသည်။

ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုနှင့်စပ်လျဉ်း၍ လုပ်ငန်း ညိှနှိုင်း ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်ထားသည့် ကာလအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် မန္တလေး- လားရှိုး- မူဆယ် ကုန်တင်ယာဉ်များ သွားလာမှုနှင့် စပ်လျဉ်း၍ စံသတ် မှတ်ချက်များနှင့်အညီ သွားလာနိုင်ရေး လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ကျောက်မဲခရိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် သထုံမြို့တွင် မိုးရာသီကာလ အောင်ရေလိုအပ်မှုကြောင့် ပျက်စီးခဲ့သည့် မိုး စပါး စိုက်ဧကများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးရာသီကာလက အောင် ရေလိုအပ်မှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ထောက်ပံ့ငွေများ‌ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to