တောင်တွင်းကြီးမြို့နယ်တွင် သဘာ၀တောမီးကြောင့် မိုးစပါး ပျက်စီးတောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်

တောင်တွင်းကြီး စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင်သဘာ၀တောမီးကြောင့် မိုးစပါးပျက်စီးတောင်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူး ဒေါ်ခင်မျိုးအေးက ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တောင်တွင်းကြီးမြို့နယ်အတွင်း သဘာ၀တောမီးကြောင့် မိုးစပါးပျက်စီးတောင်သူ (၁၈)ဦးအား တင်ဧကလျှင် တစ်သောင်းကျပ်ဖြင့် ပျက်စီးဧက (၂၄)ဧကအတွက်  ထောက်ပံ့ငွေကျပ် နှစ်သိန်းလေး သောင်း အား တာ၀န်ရှိသူများက တောင်သူများ လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးမိုးမိုးမြင့် (ပြန်/ဆက်)