ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှု တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ဒေသခံ ပြည်သူ များ သွားလာရေး အဆင်ပြေစေရန် ကျေးရွာတွင်းမြေသားလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။