မြောက်ဥက္ကလာပမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေးစာစောင်များ ပြသဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ အသိပညာပေး ပိုစတာနှင့်စာစောင်များကို ယမန် နေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။