ကျောက်ဆည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖောင်ရွာရပ်ကွက်တွင် ကလေးငယ်နှစ်ဦး အမွှေးတိုင်မီး ထွန်းညှိ ဆော့ကစားရာမှ နေ့လယ်(၁၂)နာရီ(၁၀)မိနစ် အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက် နေအိမ်(၁)လုံးတွင် ကလေးငယ်(၂)ဦး မီးချစ်ဖြင့် အမွှေးတိုင်မီး ထွန်းညှိဆော့ကစားရာမှ အနီးရှိမွေ့ယာအား မီးကူးစက်ပြီး စတင် လောင်ကျွမ်းခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇင်ထွန်း ဦးဆောင်သည့် တပ်ဖွဲဝင်(၇)ဦးနှင့် ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရပြီး အဆိုပါမီးလောင်မှုကြောင့် (၁၂ပေ၊၁၅ပေ) သွပ်မိုး၊ ထရံကာ၊ မြေစိုက် အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ မရှိကြောင်း သိရှိရသည်။
မီးလောင်မှုကို ကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)