ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ဆောင်ရွက် ပြီးစီးမှုအား တာဝန်ရှိသူများ သွားရောက်စစ်ဆေး

ကသာ   စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ရှိသူများသည် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုများအား ယမန်နေ့က ကျေးရွာများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျော်ပင်၊ သပြူကုန်းနှင့် ပိန်းလဟာကျေးရွာများမှ ရေတွင်း တိမ်တူးဖော်ခြင်းလုပ်ငန်း၊ ထောင့်တလီကျေးရွာမှ ရေတွင်းနက်တူး ဖော်ခြင်း လုပ်ငန်း နှင့် အဆင့်မြင့် ရေစင်ပြုလုပ်ခြင်းလုပ်ငန်းများသည် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသန်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နီစိုး(နည်းပညာ)နှင့် တာဝန်ရှိသူများက ယင်းကျေးရွာများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)