ကသာခရိုင် ဗန်းမောက်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ၁၀၀ ရာခိုင်နှုန်းပြီးစီးနေမှု အား ကွင်းဆင်းစစ်ဆေး

ဗန်းမောက် စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် အလယ် ကန်-စီးမော်-ညောင်ပင်သာ-စုန်းတော်လမ်းပေါ်ရှိ ဂျင်းမြေသားလမ်း‌ ဖောက်လုပ်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကို၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမြင့်နိုင်၊ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ဦးစီးအရှိ ဒေါ်အိသဉ္ဇာကျော်နှင့် မြို့နယ်သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန် ရှိသူများက ‌ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေ ၂၂ ဒသမ ၃၇၅ သန်းဖြင့် Best Forward ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့်လမ်း အရှည် ၆ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထု ၄ လက်မရှိ ဂျင်းမြေသားလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ် ညှိနိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာခြင်းဆက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပါက ဒေသခံ ပြည်သူများ၏ ထွက်ကုန်ပစ္စည်းများကိုလည်း စျေးကွက်သို့ အချိန်တိုအတွင်း လျင်မြန်စွာသယ်ယူပို့ ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပညာရေး ကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း မြို့နယ်ကျေး လက်လမ်းဖွံ့ဖြိုး ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိသဉ္ဇာကျော် ထံမှ သိရသည်။

ကျော်စွာ(ဗန်းမောက်)