စလင်း စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အသက်(၈၀)နှစ်နှင့်(၈၅)နှစ် ပြည့်ပြီးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စည်သူခန်းမ ၌ ကျင်းပပြု လုပ်ခဲ့သည်။
ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် အရ မိသားစု စား ဝတ်နေရေးအစဉ်ပြေစေရန်အတွက်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အမှာစကားပြောကြားခဲ့သည်။
၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ(၃) လအတွက် ထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀၀၀၀ကျပ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ရာ စလင်းမြို့နယ်တွင် အသက် (၈၀) နှစ်နှင့် အသက်(၈၅)နှစ်ပြည့်ပြီးသည့် သက်ကြီးဘိုးဘွားစုစုပေါင်း (၂၀၆၄) ဦးအတွက် ၆၁၉ သိန်း နှစ်သောင်းကျပ်တို့ကို ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များမှ တဆင့် ထောက်ပံ့ ပေး အပ်ခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)