နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး အထူးရဲအင်အား(၂၀)ဦး တာဝန်ချထား

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ(၂၀)ဦးကို ခန့်အပ် တာဝန်ပေးမည်ဖြစ်ကြောင်း မြို့ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့အတွင်းရှိ  အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၁) စုထံသို့  လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ၌ တောင်သူများသို့ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို တောင်သူများအား လွဲပြောင်း ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲ ဖြူ ခန်းမတွင်ပြုလုပ်သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့သို့ အခြားတိုင်းနှင့်ပြည်နယ်များမှ ဝင်ရောက်လာကြသူများအား ကျန်းမာရေး စစ်ဆေးခြင်း ဆောင်ရွက်

ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်ကာကွယ်ကုသနိုင်ရေးအတွက် မကွေးတိုင်း ဒေသ ကြီး ဂန့်ဂေါမြို့သို့ တိုင်းဒေသကြီးအတွင်းနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ ဝင်ရောက် လာကြသူများ အား မြောက်ကုန်းရပ်ကွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ပြာပုံတောင်ဂိတ်၊ အောင်မြင် ကျေးရွာဂိတ်တို့ဖွင့်လှစ်ထားရှိကာ ခရီးသည်များအား အပူချိန်တိုင်းတာပေးခြင်းအပြင် လုံခြုံရေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆိပ်ဖြူမြို့နယ် တွင် လုံခြုံ ရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကျန်မာရေးစစ်ဆေး ဆောင် ရွက်

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်း ဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက်ပိုင်း ကစပြီး ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးကြောင်း သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် အသိ ပညာ ပေးနှိုးဆော်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ စေရေး၊ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့တွင်းရှိ ရပ်ကွက်များသို့ အသံချဲ့ စက်ဖြင့် တစ်နေ့ (၃) ကြိမ် လိုက်လံနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂေါဝိန်ဆိပ်ကမ်းသို့ ဆိုက်ကပ်သည့်သ‌င်္ဘောများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးဆောင်ရွက်လျှက်ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စစ်ဆေးရေး ပူးပေါင်းဂိတ်စခန်း (ဂေါဝိန်) သည် ဧရာဝတီမြစ်အတွင်း ပြေးဆွဲပြီး ဂေါဝိန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသောသင်္ဘောများကို ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုပြန့်ပွားမှုမရှိစေရေးအတွက် စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ (၂၉)ရက်က ဆိပ်ကမ်းကပ်လာသော တိမ်ပျံရေယာဉ်သ‌င်္ဘောအား စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကမနင်းကျေးရွာတွင် အဝင်အထွက် ကန့်သတ်ထားသည့် အိမ်ခြေ (၄၈၄) အိမ်အတွက်စားသောက်ကုန်(၆) မျိုးလှူဒါန်း

မွန်ပြည်နယ် ဘီလူးကျွန်းချောင်းဆုံမြို့နယ်ကမနင်းကျေးရွာနှင့် မုခနီးကျေးရွာတို့မှ အဝင်အထွက် သွားလာမှုကန့်သတ်ခြင်းများဆောင်ရွက်ထားသည့် အိမ်ခြေ (၄၈၄) အိမ်နှင့် ဘုန်းတော် ကြီးကျောင်း (၄)ကျောင်းကိုချောင်းဆုံအရှေ့ရပ်ကွက် အေးသိင်္ဂီမော် ရွှေဆိုင် မိသားစုမှ ယနေ့ နံနက်ပိုင်းက စားသောက်ကုန် (၆) မျိုးလာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ် ထိန်း ချုပ်နိုင်ရန်ညမထွက်ရအမိန့်ထုတ်ပြန်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လျက်ရှိရာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ်တွင် အဆိုပါရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့(စက်တင်ဘာလ ၂၉) ရက်နေ့မှ စတင်ကာ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Subscribe to