မြဝတီမြို့၌ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်း စီစဉ်
COVID-19 ရောဂါကြောင့် မြဝတီမြို့၌ နယ်စပ်ဂိတ်များ ပိတ်ပင်ခဲ့ပြီး တရားမဝင် နယ်စပ် ဖြတ်သန်းသွားလာမှု မရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လတ်တလော နယ်မြေ ဒေသ အခြေအနေအရ လှေဂိတ်များမှတဆင့် သောင်ရင်းမြစ်အတွင်း ဖြတ်သန်း သွားလာလျက် ရှိသည့် လုပ်သားပြည်သူအများ သွားရေးလာရေး အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရှိရပါသဖြင့်