မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အထူးရဲ( Special Police) သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့၌ အထူးရဲ( Special Police) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၈)နာရီခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အနံ့ပျောက်သူများ ထားရှိနိုင်ရေးအတွက် Community   Base Facility Quarantine Center များ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်​ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက် နိုင်ရေးကာလအတွင်း အနံ့ပျောက်သူများ ထားရှိနိုင်ရန်အတွက် Community  Base Facility Quarantine Center များ ထပ် မံတိုးချဲ့ဖွင့်လှစ်ရန် အခြေခံပညာကျောင်းများသို့ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု ခဲ့သည်။

ဘောဂလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နေစဉ်ကာလအတွင်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ဘောဂလိမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၃၀၃) စုထံသို့ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ပြီးစီးကြောင်း သိရသည်။

မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် အသက်(၈၀)မှ(၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ အသက်(၈၀)မှ(၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ သက်ကြီးဘိုးဘွားများအား ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထား ကြေညာခြင်းကို အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေး မော်တော်ယာဉ် ဉပ‌ဒေသစ်အကြောင်း အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် မော်တော်ယာဉ် ဉပ‌ဒေသစ်နှင့်ပတ်သက်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအကြောင်း အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများ အစည်းဝေး၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မလှိုင်မြို့နယ်အတွက် ‌ဆေးဖျန်းစက်လှူဒါန်းခဲ့ကြသည့် မြို့မိ၊ မြို့ဖ များကို ဂုဏ်ပြုလွှာပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်ရန်အတွက် မြို့မိ မြို့ဖများက‌ စုပေါင်း၍ ဆေးဖျန်း ရေမှုန်အမြောက်စက်တစ်လုံးကို လှူဒါန်းခဲ့ရာ အဆိုပါ လှူဒါန်းမှု အတွက် ဦးဆောင်ပါဝင်ခဲ့သည့် မြို့မိမြို့ဖျားကို ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲကို ယမန် နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ်စောင့်ကြည့် ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၃၀ ရက်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် ပညာရေးဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ် သိန်း ၂၀ စုပေါင်းလှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများ၌ အသုံးပြုရန်အတွက် မြို့နယ်ပညာရေးမှူး ဦးဆောင်၍မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းမိသားစုများက စုပေါင်း၍ အလှူငွေကျပ် သိန်း ၂၀ ကို စက်တင်ဘာလ ၃၀ ရက် နေ့လည် ၂နာရီခွဲ က မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီးကော်မတီထံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သားသတ်လိုင်စင်လုပ်ငန်းအား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ်ဆောင်ရွက်သွားမည်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် လေးမျိုးကို ချိတ်ပင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အဆိုပါ လုပ်ငန်းလိုင်စင် လေးမျိုးအနက် တင်ဒါလေလံရောင်းချနိုင်ခြင်းမရှိသည့် သားသတ်လိုင်စင်အား စည်ပင်သာယာရေးအဖွဲ့မှ ဌာနလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to