အင်းတော်မြို့နယ်အတွင်း ဒုတိယအကြိမ် မြစိမ်းရောင် နွားမွေးမြူရေး စီမံကိန်းအဖြစ် ပုန်းဟုန်ကျေးရွာတွင် ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု ပုန်းဟုန်ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီမံဆောင်ရွက်သည့် မြစိမ်းရောင် နွား မွေးမြူရေးလုပ်ငန်းကို ကျေးရွာအတွင်းရှိ တောင်သူ ဦးကြီးများဖြင့် ဆောင်ရွက်လျက်ရှိသည်။