မြဝတီမြို့ဈေးများ၌ ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်းများတပ်ဆင်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး

မြဝတီမြို့ဈေးများ၌ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်းစည်းများတပ် ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိဘမေတ္တာသစ်စက်မှ ထိန်ကုန်းရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၃၅၀) စုအတွက် ဆန်များထောက်ပံ့လှူဒါန်း

မိဘမေတ္တာသစ်စက်မှ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၃၅၀) စုအတွက် ဆန်များထောက်ပံ့လှူဒါန်းခြင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ထိန်ကုန်း ရပ်ကွက် တွင် ယနေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

အိမ်မဲမြို့နယ်အတွင်း အသွားအလာကန့်သတ်ထားသူ (၃၅)ဦး၏ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသား ဓာတ်ခွဲဌာနသို့ ပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားသူ (၃၅)ဦး၏ ဓာတ်ခွဲနမူနာများကိုရယူ၍ အမျိုးသားဓာတ်ခွဲဌာနသို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင် ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်များတွင် မျိုးကွဲ နုတ်ပယ်ခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (DU-12) မိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက မျိုးကွဲနုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် Online ဘောလုံးစွမ်းရည်ပြိုင်ပွဲတွင် မင်းတပ်ခရိုင်အတွင်းမှပြိုင်ပွဲဝင်(၇)ဦး ဆုရရှိ

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသား Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲသို့ မင်းတပ်မြို့နယ်၊ ကန်ပက်လက် မြို့နယ်နှင့် မတူပီမြို့နယ် များမှ မြို့နယ်ကိုယ်စားပြု အမျိုးသား (၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

မတူပီမြို၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မတူပီခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးခန်း၌ ကျင်းပပြုလုပ်သည်။

ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်းရှိ ငွေပေး အလုပ်ပေးစနစ်(Cash For Work) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ရေဦး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ရိခေါ်ဒါရ်၌နေရပ်ပြန်လာသူ တစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine နေရာ၌ စောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား တစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်င ံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၂၉ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အခြေခံပညာ အထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိကြောင်းသိရသည်။

ဖယ်ခုံ၌ စိမ့်စမ်းရေသွယ်လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ ၈၉၀ ဒသမ ၉၈၂ သန်းဖြင့် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ တွင် သောက်သုံးရေ ဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် တာဝန်ရှိသူများတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Subscribe to