ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲပြုလုပ်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးသန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ် ဆေးရုံတွင် ပြုလုပ်ခဲ့သည်။