အင်းတော် စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ရှိ အထက်တန်းဆင့် ကျောင်းသားကျောင်းသူများအတွက် ပညာသင် ထောက် ပံ့ကြေးများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း ( အင်းတော် ) တွင် အထက်တန်းဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ( ၁၀၄၅ ) ဦး ခန့်ရှိပြီး ကျောင်းသား ကျောင်းသူ ( ၂၄၁ ) ဦးအား ပညာသင် ထောက်ပံ့ ကြေးများ ကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ထောက်ပံ့ ကြေးများ ပေးအပ်ခြင်းကို စနစ်တကျ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ် ခြင်းကို ခေတ္တ ရပ်နားထားသည့် အချိန်ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူရမည့် သင်ခန်း စာများကို မိမိတို့ဘာသာ လေ့လာသင်ယူ နေကြရန် လိုအပ်ကြောင်း၊ သို့မှသာ ကျောင်းသား ကျောင်းသားများ အနေဖြင့် ကျောင်းသင်ခန်းစာများနှင့် အလှမ်း ကွာဝေးမှု မရှိမှာ ဖြစ်ကြောင်း အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း ( အင်းတော် ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်း ဝင်းနွဲ့က ပြောပြခဲ့သည်။
အဆိုပါနေ့က အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ရှိ အထက် တန်းဆင့် ကျောင်းသားကျောင်းသူ ( ၂၄၁ ) ဦးအား ပညာသင်ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၄၈ သိန်း ၂ သောင်းကျပ်အား ဒသမတန်းစနစ်သစ်နှင့် ဒသမတန်းစနစ်ဟောင်း အတန်းပိုင် ဆရာ/ဆရာမများက ကျောင်းသားမိဘနှင့် ကျောင်းသားကျောင်းသူများ ထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)