မြင်းခြံမြို့နယ်အတွင်း ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

မြင်းခြံ စက်တင်ဘာ ၃၀

မြင်းခြံမြို့နယ်အတွင်း အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား ထောက်ပံ့ ငွေများ ပေးအပ်ရာ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံ လူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေး အပ်လျက်ရှိပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အခြေခံလူတန်းစားလက်လုပ်လက်စား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင် လျှင် ကျပ် ၂၀၀၀၀ ကို ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျန်ရှိခဲ့ သည့် အိမ်ထောင်စု များအတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က အိမ်ထောင်စု ၃၀၅ စုအတွက် ကျပ် ၆၁၀၀၀၀၀ ကိုလည်း‌ကောင်း၊ တတိယအကြိမ်တွင် ကျန်ရှိခဲ့ သည့် အိမ်ထောင်စု ၂၁၆ အိမ်ထောင်စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ကျပ် ၄၃၀၀၀၀ ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူး များက အသီးသီးလက်ခံရယူခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်  ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား ရပ်ကွက် /ကျေးရွာ အုပ်ချုပ် ရေးမှူးများက လက်ဝယ်အရောက် အမြန်ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)