ဆိပ်ဖြူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို တောင်သူများအား လွဲပြောင်း ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲ ဖြူ ခန်းမတွင်ပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ၊မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းဆွေတို့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌများထံ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို ပေးအပ်ခဲ့သည်။
ထို့နောက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို ထုတ်ပေးခြင်းနှင့် ပတ်သက်၍ တောင်သူများ၏ ကိုယ်စား ဂွေးပင်ကျေးရွာမှ တောင်သူ ဦးသန်းညွှန့်က ကျေးဇူတင်စကားပြန်လည်ပြောကြားသည်။
တောင်သူများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို ရပ်ကွက် ကျေးရွာအုပ်စု (၂၃)ခုမှ တောင်သူ (၉၈၆) ဦးပိုင်ဆိုင်သည့် လယ်မြေ (၃၄၇) ဧက ၊ယာမြေ (၁၃၄၂) ဧက ၊ ကိုင်းစိုက်ပျိုးမြေ (၉) ဧက စုစုပေါင်း (၁၆၉၈) ဧကအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခဲ့ကြောင်း ၊ယခုလို တောင်သူ အများအနေဖြင့် လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို ရရှိခြင်းကြောင့် မြေယာပိုင်ဆိုင်မှုအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် မိမိစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ရောင်းချခြင်း ၊ပေါင်နှံခြင်း ၊လဲလှယ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပြန်လျှောက်ထားရာတွင် အသုံးဝင်ကြောင်း ၊တောင်သူများ အနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကိုလျှောက်ထားရာတွင် မြေလွတ် မြေရိုင်း မြေအမျိုးအစားများမှအပ ဦးပိုင်ပေါက်ပြီးလက်ရှိ စိုက်ပျိုးလုပ်ကိုင်မြေများ ကိုလျှောက်ထားနိုင်ပြီး လျှောက်ထားလိုသော တောင်သူများအနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၁)ကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ အခမဲ့လျှောက်လွှာယူ၍ လျှောက်ထားနိုင်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှ ပုံစံ(၂) ကန့်ကွက်လွာခေါ်ယူခြင်း ၊ ပုံစံ(၃) မှတ်ပုံတင်ခြင်း ၊ပုံစံ(၄) စိစစ်ခြင်း ၊ပုံစံ(၅) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုရ တောင်သူများ မှတ်ပုံ တင်စာရင်း၊ ပုံစံ(၆) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုရရှိသူမဟုတ်သော သူငြင်းပယ် ကန့်ကွက် လွှာစာရင်း ၊ပုံစံ(၈) ငြင်းပယ်သူ အကြောင်းကြားစာ စာရင်းတို့ ဆောင်ရွက် ပြီးစီးမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို ထုတ်ပေးခြင်းဖြစ်ကြောင်း လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ၏ပြောကြားချက်အရသိရသည်။
စိုးလင်းနိုင်(IPRD)