ဂန့်ဂေါ စက်တင်ဘာ ၃၀
ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်ကာကွယ်ကုသနိုင်ရေးအတွက် မကွေးတိုင်း ဒေသ ကြီး ဂန့်ဂေါမြို့သို့ တိုင်းဒေသကြီးအတွင်းနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ ဝင်ရောက် လာကြသူများ အား မြောက်ကုန်းရပ်ကွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ပြာပုံတောင်ဂိတ်၊ အောင်မြင် ကျေးရွာဂိတ်တို့ဖွင့်လှစ်ထားရှိကာ ခရီးသည်များအား အပူချိန်တိုင်းတာပေးခြင်းအပြင် လုံခြုံရေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပုလဲ- ဂန့်ဂေါ ကားလမ်းမှ ဂန့်ဂေါမြို့အဝင် ကျောတိုက်ရပ်ကွက်ရှိ ဂိတ်ကိုလည်း ကျန်းမာရေး စစ်ဆေးနိုင်ရန် ပြန်လည် ဖွင့်လှစ်၍ လက်ကိုဆပ်ပြာနှင့်ရေနှင့်စနစ်တကျဆေးကြောနိုင်ရန် စီစဉ် ဆောင်ရွက် ထားကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့်အဖွဲ့သည် အဆိုပါဂိတ် များကို ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ဆွေးနွေး သွားကြောင်း သိရသည်။
တောင်သားမောင်သန်း