ရှမ်းရွာသစ်၊ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၁) စုထံသို့ လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ မိသားစုစားဝတ်နေရေးအဆင်ပြေစေရေးနှင့် အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့မှုအပေါ် ယခုလိုငွေကြေးထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား(ထပ်တိုး) အိမ်ထောင်စု (၁၃၁) စုတို့အတွက် တစ်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၆၂၀၀၀၀) ကို မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)