စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

စဉ့်ကိုင်၊ စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများအား PPE ဝတ်စုံ စနစ်တကျဝတ်ဆင်နည်းလမ်းများကို လက်တွေ့ပြသခဲ့ပြီး ဒေါက်တာအက်စတာရိန်းမှ နှာခေါင်စည်းများ စနစ်တကျ တပ်ဆင်အသုံးပြုပုံနှင့် စွန့်ပစ်နည်းများ၊ လက်ကို စနစ်တကျဆေးကြောနည်းများကို ပို့ချခဲ့ကြောင်း သိရသည်။

ထိုသို့သင်တန်းပို့ချရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဝန်ထမ်းများနှင့် မြို့နယ်ပရဟိတအဖွဲ့ဝင်များကို သင်တန်းဖွင့်လှစ်ပို့ချခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီ:ဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များကို  ပြည်သူများ သိရှိလိုက်နာကြစေရေး   အသိပညာပေးလုပ်ငန်းများနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများကို ပို့ချခဲ့ကြောင်း သိရသည်။

 အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်၊ ပြန်/ဆက်)