မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် အသိ ပညာ ပေးနှိုးဆော်

ရေး     စက်တင်ဘာ   ၃၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ စေရေး၊ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့တွင်းရှိ ရပ်ကွက်များသို့ အသံချဲ့ စက်ဖြင့် တစ်နေ့ (၃) ကြိမ် လိုက်လံနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်နှင့် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်အပြင် ထွက် တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေး ကြောရန်၊ လူစုလူဝေး နေရာများ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်၊ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ကြရန်၊ ရောဂါဖြစ်ပွားရာ ဒေသများမှ နေရပ်သို့ ပြန်လာသည့် ခရီးသွား ပြည်သူများ ဝင်ရောက် မှုရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများထံသို့ အသိပေး အကြောင်းကြားရန် လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)