ပန်ဆောင် စက်တင်ဘာ ၃၀
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ(၂၀)ဦးကို ခန့်အပ် တာဝန်ပေးမည်ဖြစ်ကြောင်း မြို့ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ထို့အပြင် ပန်ဆောင်မြို့ရဲစခန်း ဒု-ရဲအုပ်ဝင်းမြင့်အောင်က ပြောကြားရာတွင် အထွေ ထွေ ရွေးကောက်ပွဲကို ပန်ဆောင်မြို့ ကျေးရွာအုပ်စုတွင် မဲရုံပေါင်း(၂၈) ရုံရှိသည့် အတွက် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်တွင် မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေး ကြသည့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ နေ့ကင်း၊ ညကင်း များလုံခြုံရေး တာဝန်ပေးရန် ပြည်သူ(၂၀)ဦးကို အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)အထိ သင်တန်း ပေး၍ နိုဝင်ဘာ(၁၅)ရက်ထိ ၄၆ ရက် ခန့်အပ် ထားမည်ဖြစ်ကြောင်း၊ ယင်းသင် တန်းတက်ရောက်သူ ပြည်သူများကို အထွေထွေရွေးကောက်ပွဲပြီးစီးသွားပါက သတ်မှတ် ချက် နှင့်ကိုက်ညီသူများက ဆန္ဒရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဝင်ရောက် တာဝန်ထမ်း ဆောင်နိုင်ကြောင်း မြို့ဒု-ရဲအုပ်ဝင်းမြင့်အောင်ပြောကြားချက်အရ သိရ သည်။
ဂျာယော်(ပြန်/ဆက်)