၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆိပ်ဖြူမြို့နယ် တွင် လုံခြုံ ရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကျန်မာရေးစစ်ဆေး ဆောင် ရွက်

ဆိပ်ဖြူ   စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်း ဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့ နံနက်ပိုင်း ကစပြီး ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးကြောင်း သိရသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်  မြို့နယ် / ရပ်ကွက် /ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ များနှင့် သက်ဆိုင်ရာ ဌာန အသီးသီးတို့က ဘက် ပေါင်း စုံ ကဏ္ဍပေါင်းစုံတို့မှ ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးလျှက်ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့ အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  ကြိုတင်ပြင်ဆင်ရေးကာလနှင့် ရွေကောက်ပွဲ ကျင်းပ မည့်ရက် တို့တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မလိုလားအပ်သော  ပြသနာများ မဖြစ်ပေါ်ရေး လွတ်လပ်၍ တရားမျှတစွာ ကျင်းပဆောင်ရွက်နိုင်ရေး မြို့နယ်အတွင်း အေးချမ်း တည်ငြိမ် စွာဖြင့်  ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန် အထူးရဲများရွေးချယ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် အထူး ရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဆိပ်ဖြူ မြို့နယ် နေရာ (၃)ခုတွင် ဖြစ်သည့် ဆိပ်ဖြူ မြို့မ ရဲစခန်းအပိုင် အနောက် ပိုင်းရပ်ကွက် မူလတန်းကျောင်းတွင် လည်းကောင်း ၊ ကဇွန်းမ နယ်မြေရဲစခန်းအပိုင် ကဇွန်းမ အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း ၊ လက်ဆည်ရဲစခန်းအပိုင် လင်းလက်ကြယ် ပညာရေး ဘော်ဒါဆောင်တို့တွင် အထူးရဲ ဆင့်ပွားသင်တန်းများ ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းများကို မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး ဘိုဘိုထွဋ် ကြီးကြပ်ကွပ်ကဲ၍ သက်ဆိုင်ရာ ရဲစခန်းမှူးများက တာဝန်ယူ၍ အထူးရဲတပ်ဖွဲ့ ဝင်များကို စာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  အထူးရဲ သင်တန်းသားများကို စက်တင်ဘာလ (၂၈) ရက်နေ့ကသက်ဆိုင်ရာ သင်တန်း အသီးသီးသို့ စတင်ခေါ်ယူခဲ့ပြီး  သင်တန်း ဖွင့်စဉ် ကာလတွင် သင်တန်းသားများ နေထိုင်စားသောက်ရေး အတွက်ပြင်ဆင်ဆောင်ရွက်ပေးခြင်း ၊ သင်တန်းသား အိမ်ဆောင်များ ၊စာသင်ဆောင်များ ကို ပိုးသတ်ဆေးများဖျန်းခြင်းကို စိတ်ထားဖြူ အောက်စီဂျင် (အခမဲ့) ကူညီရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးပြီး အထူးရဲတပ်ဖွဲ့ ဝင်များ အား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့်ပူးပေါင်းကာ ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်း နှင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များနှင့် သက်ဆိုင်ရာ ဌာန အသီးသီးတို့မှ ထုတ်ပြန်ချက်များကို သိရှိလိုက်နာရန် အသိပေးပြောကြားခဲ့ကြောင်း မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် (၁၀၃)ဦးရှိကြောင်း  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ကိုဇွဲ(အညာမြေ)