မဘိမ်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ့်ပုံးပုံးရပ်ကွက်၊ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတွင် တက် ရောက်နေကြသော သင်တန်းသားများအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတွင် မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်ကြမည့် အထူးရဲ(၄၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားဖို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)