ဖယ်ခုံမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များလုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ ကျင်းပ

ဖယ်ခုံ  အောက်တိုဘာ

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်များ ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီက ဖယ်ခုံမြို့အထက()ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အထူးရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကဏ္ဍနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားသည်။

အထူးရဲ ခန့်အပ်တာဝန်ပေးခြင်းနဲ့ပတ်သက်လို့ ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအတိုင်း ခန့်အပ်ခဲ့တာဖြစ်ပါတယ်၊ အထူးရဲများကလဲ မိမိ၏တာဝန်နှင့် ဝတ္တရားများကို ရဲတပ်ဖွဲ့များနည်းတူ တာဝန်ချထားတဲ့နေရာဒေသမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်၊ ဒီအထူးရဲတွေက တာဝန်ထမ်းဆောင်နေတဲ့ ၄၅ ရက်တာ ကာလအတွင်းမှာ ယူနီဖောင်းဝတ်စုံပြည့်နဲ့ အမြဲတမ်းခန့်အပ်ခြင်းခံရတဲ့ န္ဓေရဲတပ်ဖွဲ့ဝင်များနည်း တူလစာနဲ့ ရိက္ခာတွေ ခံစားခွင့်ရရှိမှဖြစ်တယ်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင်က ပြောကြားသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ ရက်နေ့မှ ၂၈ ရက်နေ့အထိ အထူးရဲတာဝန်ထမ်းဆောင်မည့် သင်တန်းသား ၁၁၀ ဦးအား ဖယ်ခုံအထက()တွင် ၅၁ ဦး၊ မိုးဗြဲတွင် ၃၈ ဦး၊ ပီကင်းတွင် ၂၁ ဦး နေရာများခွဲ၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်၊ ရဲအက်ဥပဒေ၊ ရဲလက်စွဲဥပဒေ၊ လူ့အခွင့်အရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ပြစ်မှုဆိုင်ရာဥပဒေ စသည့် သင်ခန်းစာများကို လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အထူးရဲသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ကိုထွေး(ဖယ်ခုံ)