ပုလောမြို့နယ် World Vision မှ ကိုဗစ်−၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ လာရောက် လှူဒါန်း

ပုလော   အောက်တိုဘာလ  ၁

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ပုလောမြို့နယ် World Visionက ကိုဗစ်−၁၉ ရောဂါ အသိပညာပေး လက်ကမ်း စာစောင် စောင်ရေ (၃၀၀) ကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက လာရောက် လှူဒါန်းခဲ့သည်။

ကိုဗစ်−၁၉ ကာလတွင် ပြည်တွင်း ကူးစက်မှု ပိုမိုများပြားလာသည့်အတွက် ပြည်သူ များ အနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏများ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများကို သိရှိ လိုက်နာ ၍ ရောဂါ ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန မှ ထုတ်ပြန်ထားသည့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ (၃၀၀) ကို လာရောက် လှူဒါန်း ခြင်းဖြစ်ကြောင်းကို ဝေါလ်ဗီရှင်း တာ၀န်ခံ မနော်သင်းစိန် က ပြောကြားခဲ့သည်။

အေးအေးမော်( ပုလော ပြန်/ဆက်)