မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိမည့်သူများစာရင်းကို အောက်တိုဘာ (၁)ရက်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်အတွင်းရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက် ရှိကြောင်း သိရသည်။

တာမိုးညဲမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၂၀၂၀)ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကာလတွင် မဲလုံခြုံရေးဆိုင်ရာများနှင့် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရပ်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် သင်တန်း သားစုစုပေါင်း(၂၃)ဦးကို ယနေ့၊ နံနက်(၉)နာရီအချိန်က တာမိုးညဲ၊ နယ်မြေခံရဲစခန်း၌ အထူးရဲ သင်တန်း ဖွင့်လှစ် ပို့ချလျက်ရှိသည်။

ခိုင်ကမ်းမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ်ခိုင်ကမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ၈ နာရီမှစ၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးခဲ့ကြောင်းသိရှိရသည်။

တနင်္သာရီ၌ အထူးရဲတပ်ဖွဲ့ဝင် (၁၀၃) ဦးအား သင်တန်းဖွင့်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မဲရုံ အသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၉၈) ဦးအား ခန့်အပ်၍ ယနေ့နံနက် ၉ နာရီအချိန် က တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမနှင့် အထက-တနင်္သာရီ ပညာရတနာခန်းမတို့တွင် (၂) နေရာခွဲ၍ ဖွင့်ပွဲအခမ်းအနားကို တစ်ပြိုင်တည်းကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်နှင့် သင်တန်းနည်ပြ ဆရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခေတ္တမြို့နယ်ဦးစီးမှူး (လဝကမှူး) ဦးတင့်နိုင်နှင့် သင်တန်းသား အထူးရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ တက်ရောက်ကြကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

မတူပီမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ၊ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နောင်တရားမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယ အကြိမ် မဲစာရင်းကြေညာ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ပိုင်းမှစ၍ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာသည့် ပထမ ရက်တွင် လာရောက်ကြည့်ရှုသူများ ပြားကြောင်း သိရသည်။

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်လှစ်

မော်မြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား ယနေ့ နံနက် (၈)နာရီက ချောင်းဆုံ မြို့နယ် (အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင် အထူးရဲသင်တန်း ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

မြဝတီခရိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်း

မြဝတီခရိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် ဆန် ၂၄ ပြည်အိတ်  ၇ အိတ်အား ယမန်နေ့ မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတားဆီးကာကွယ်ရန် စားသောက်ဆိုင်များ ပါဆယ် စနစ်ဖြင့် ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် စားသောက်ဆိုင်များ ဆိုင်ထိုင်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချနေမှုအ ခြေ အနေအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကွမ်းလုံမြို့အတွင်းရှိ စာသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်းဖွင့်လှစ်

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to