သီပေါမြို့နယ်တွင် အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

သီပေါ အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ သီပေါမြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

နိုင်ငံတော်မှ စီးပွားရေး ကုစားမှုအစီအစဉ်အရ သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက်(၈၀)နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့်  ဘိုးဘွား(၅၆၂)ဦး အတွက်  ထောက်ပံ့ငွေ      စုစုပေါင်းကျပ် (၁၆၈) သိန်း        ()သောင်းကျပ်အား  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)