မန္တလေး အောက်တိုဘာ ၁
မွေးစမှ(၁)နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံ မြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း ၂၀ နှင့် ၈၂ လမ်းထောင့်ရှိ တဝဂူဘုရားအတွင်း၌ ပြုလုပ်သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရပ်ကွက် ကျန်းမာရေးတာဝန်ခံ ဒေါ်အေးမြင့်ရည်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်မိခင်ကလေး စောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးဝင်းကိုကိုနှင့် ရာအိမ်မှူးများ က စုပေါင်း၍ ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲရှိ ကလေးငယ် ကျား(၂၀)ဦး၊ မ(၂၅) ဦး၊ ပေါင်း(၄၅)ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုး၊ ခြင်း၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်(၄)ဦးတို့အား ကာကွယ်ဆေး ထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)