ကသာခရိုင်နှင့် ကောလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သဘာဝဘေးဖြစ်ပွားမှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

ကသာ   အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကသာခရိုင်နှင့် ကောလင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း သဘာဝဘေးဖြစ်ပွားမှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က ကသာခရိုင်စီမံခန့်ခွဲမှု ကော်မတီအစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဖြစ်ပွားမှုကြောင့် သီးနှံထိခိုက်ပျက်စီးမှုများအပေါ် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ကသာခရိုင်အတွင်းရှိ အင်းတော်မြို့နယ်မှ မိုးစပါးစိုက်(၁၁၈၂)ဧကနှင့် ကောလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ မိုးစပါးနှင့် နွေစပါးစိုက်(၂၉၇၃)ဧကတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၄၁.၅၅)သန်းကို ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမောင် မှ ကသာခရိုင်အတွက် ထောက်ပံ့ငွေကို ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ နှင့် ကောလင်းခရိုင်အတွက် ထောက် ပံ့ငွေကို ကောလင်းခရိုင်မှ တာဝန်ရှိသူထံသို့ အသီးသီး လွှဲပြောင်းပေးအပ် ခဲ့ကြောင်း ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲအောင်(ပြန်/ဆက်)