အကြိမ်(၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဟင်္သာတမြို့မှ ကျပ်သိန်းတစ်‌သောင်းငါးထောင်ဆု ဆွတ်ခူး

ဟင်္သာတ  အောက်တိုဘာ  ၁

ယနေ့ နံနက်ပိုင်းက ထွက်ရှိသည့် အကြိမ်(၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဟင်္သာတမြို့ နတ်မော်လမ်း၊ ကမ္ဘောဇဘဏ်ခွဲ(၁) အရှေ့တွင် ဖွင့်လှစ်ရောင်းချသည့် မင်္ဂလာ စွယ်တော်ထီဆိုင်တွင် ထီထိုးသွားခဲ့သည့် ဦးခင်မောင်ညွန့်က လ ၉၁၄၂၃၇ ပေါက်ဂဏန်းဖြင့် ကျပ်သိန်းတစ်သောင်းငါး‌ ထောင်ဆုကြီးကို ဆွတ်ခူးရရှိကြောင်း သိရသည်။

“(၂)စောင်ထဲ ရွေးထိုးသွားတာပါ၊ အစောပိုင်းက သူပေးခဲ့တဲ့ဖုန်းနံပါတ်က အဆက်အသွယ်မရ ဖြစ်နေတာပါ၊ ခုတော့ကျနော်တို့ ဖုန်းအဆက်အသွယ်ရပါပြီ၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ် ထဲက ကျေးရွာတစ်ရွာတွင် နေထိုင်သူဖြစ်ပါတယ်” ဟု မင်္ဂလာစွယ်တော်ထီ ဆိုင်ပိုင်ရှင် ဦးသိန်းအောင်က ပြောသည်။

အဆိုပါ မင်္ဂလာစွယ်တော်ထီဆိုင်မှ (၆)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်‌‌သောင်းငါး ထောင်ဆုကို (ပထမ)အကြိမ်၊ အကြိမ်(၂၀)မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် (ဒုတိယ)အကြိမ်  စုစုပေါင်း(၂)ကြိမ် ကျပ်သိန်းတစ်‌‌သောင်းငါး ထောင်ဆွတ်ခူးရရှိခြင်း ဖြစ်ကြောင်းသိရပြီး အောင်‌ဘာ လေသိန်းဆုဌာနက အမြင့်ဆုံး ထီဆုကြေးကို ကျပ်သိန်းသောင်းခွဲအဖြစ် တိုးမြှင့် သတ်မှတ်ပြီးနောက်ပိုင်း အကြိမ် (၂၀)အတွင်းတွင် ဟင်္သာတမြို့နယ်မှ ကျပ်သိန်း တစ်သောင်းခွဲဆုကြီးကို (၃)ကြိမ်တိုင်တိုင်ဆွတ် ခူးရရှိခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)