ဒေးဒရဲ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်း၌ ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒေးဒရဲမြို့ မြို့မစခန်းမှူး ဒုရဲမှူးဝင်းသန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသားများ အနေဖြင့် သင်တန်းစည်းကမ်းများအား အလေးထား လိုက်နာဆောင်ရွက်ရန်နှင့် သင်တန်းတွင် ဆွေးနွေးပို့ချမည့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာ ဖြင့် မှတ်သားနာယူကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား (၇၀)ဦး တက်ရောက်ခဲ့ကြပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ (၉)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ လူ့အခွင့်အရေး၊ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဉ် စသည့် ဘာသာရပ်များအား ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)